How To Look Luxurious

Branded Logo ကြီးတွေမပါဘဲ basic outfits နဲ့ဘယ်လို expensive ဖြစ်အောင်ဝတ်ဆင်လို့ရမလဲ?
ဒီတစ်ခါမှာတော့ ပျိုမေတို့အတွက် အရမ်းဂရုပြုအားစိုက်စရာမလိုပဲနဲ့ ကိုယ့်ရဲ့ outfit ကစျေးနှုန်းမြင့်ပြီး စတိုင်ကျတဲ့ Effortlessly Luxurious ပုံစံမျိုးထွက်အောင် ဘယ်လိုဖန်တီးဝတ်ဆင်ရမလဲဆိုတာနဲ့ ပတ်သတ်ပြီး အကြံပေးပြောကြားပေးချင်ပါတယ်ရှင့်။
🖤 Play With Texture
Square Neck Tee and Satin Midi Skirt
အပေါ်ကဗြောင် T shirt အင်္ကျီကိုပဲအောက်က ပိုးသားစကတ်နဲ့တွဲထားတာဖြစ်ပါတယ်။ ပိတ်သားအမျိုးမျိုး ပြောင်းလဲပြီး ဝတ်ဆင်လို့ရပါတယ်။ ဥပမာ - silk , Linen, wool အစရှိသဖြင့် ကြိုက်နှစ်သက်ရာပိတ်သားတွေနဲ့ ဝတ်ဆင်လို့ရပါတယ်။ ခါးနားမှာ third piece အနေနဲ့ scarf ကို တွဲပြီး ဒီဇိုင်းလုပ်ထားတာဖြစ်ပါတယ်။ ကိုယ့် body နဲ့ကွက်တိ အံဝင်ခွင်ကျဖြစ်တာမျိုးကို ဝတ်ဆင်ပါ။ ရိုးရိုးရှင်းရှင်းလေးကိုပဲ strapy sandals ကြိုးသိုင်းဖိနပ်လေးနဲ့ add interest ဆိုတော့ ကြည့်ရတာ ယဥ်ယဥ်လေးနဲ့ ချစ်စရာကောင်းစေတယ်။
🖤 Keep It Simple
V Neck Cuff Sleeves Top and Satin Midi Skirt
အနီ နဲ့ အနက် အရောင်နှစ်မျိုးကိုပဲတွဲပြီး ဝတ်ထားတာဖြစ်ပါတယ်။ အရောင်လဲမများပဲနဲ့ ရိုးရှင်းပြီး classic ဖြစ်တဲ့ပုံစံမျိုးဖြစ်တယ်။ Accessories တွေ အများကြီးလဲ မပါဝင်ပဲ နာရီလောက်နဲ့ပဲ တွဲဖက်ဖက်ရှင်ထုတ်ထားတာဖြစ်တယ်။
🖤 Rule of 3
Relaxed Satin Shirt and Jeans
တစ်ကိုယ်လုံးမှာ အရောင် ၃ ရောင်ထပ်မပိုပါစေနဲ့။ လွတ်လပ်ပေါ့ပါးတဲ့ နေ့စဉ် ဝတ်နေကျ outfit ပုံစံမျိုး ဖြစ်ပါတယ်။ Daily outfit style ဖြစ်အောင် satin shirt အနက်ရောင် ကို ဂျင်းဘောင်းဘီ နဲ့တွဲထားတာဖြစ်ပါတယ်။ ဒေါက်ဖိနပ်ကတော့ suede အသားနဲ့ပြုလုပ်ထားတဲ့ အနီရောင် heels လေးနဲ့ဆိုမတူညီတဲ့ အတွဲအစပ်ဖြစ်ပြီး စတိုင်ကျစေတယ်။
🖤 Third Piece
Double Breasted Blazer
အရည်အသွေးကောင်းတဲ့ blazer, cardigan, coat အင်္ကျီ အစရှိတာတွေကို ဝတ်ဆင်ပါ။ Beige color blazer ကို camisole အဖြူနဲ့ တွဲဝတ်ထားတာဆိုတော့ အရောင်က ငြိမ်ပြီး မိန်းကလေးဆန်တယ်။ အောက်က ဘောင်းဘီအဖြူနဲ့ တွဲဝတ်ထားပြီး ခါးပတ် အသားရောင်နဲ့ဆိုတော့ ဝတ်စုံတစ်ခုလုံး လုံးဝ perfect ဖြစ်စေပါတယ်။
🖤 Monochrome
Satin Camisole and High Waisted Wide Leg Pants
Monochrome လို့ခေါ်တဲ့ အပေါ်အောက်တစ်ရောင်ထဲ ဝတ်ဆင်တာမျိုးဖြစ်တယ်။ အနက်ရောင် camisole ကို wide leg pants အနက်နဲ့ တွဲထားတာဖြစ်တယ်။ အရပ်ကိုပိုရှည်သွားသလိုထင်ရပြီး ခန္ဓာကိုယ် ကိုပိုသွယ်လျားသွားစေပါတယ်။ အပေါ်က blazer ထပ်အုပ်လိုက်တော့ အမြင်မရိုင်းပဲ power outfit ဖြစ်သွားစေပါတယ်။
🖤 Beige Color with Black/ White
Satin Wrap Top and Satin Midi Skirt
Sleeveless wrap top ကို မှchampaign color နဲ့ ပိုးသားစကတ် အနက်ရောင်ဗြောင် အနက်နဲ့ တွဲဝတ်ထားတာဖြစ်ပါတယ်။ ဒီအရောင် combination ဟာ luxurious ဖြစ်စေပါတယ်။ အပေါ်ကအတွန့်အခေါက်လေးနဲ့ အောက်က ဗြောင်နဲ့လိုက်ဖက်မှုရှိပါတယ်။ Third piece အနေနဲ့ ခါးပတ်အညိုရောင်လေးထည့်ထားပေးပါတယ်။ ဖိနပ်နဲ့ ခါးပတ်ကို အရောင်တူလေးဝတ်ဆင်ခြင်းအားဖြင့်လဲ ကိုယ့် wardrobe ကို ပိုမိုလိုက်ဖက်သွားစေပါတယ်။ ရိုးရိုးလေးနဲ့ ဘယ်တော့မှ date out သွားခြင်းမရှိမဲ့ ပုံစံမျိုး ဖြစ်တယ်။

Older Post


Leave a comment